Wednesday 20 January 2016

ကိုယ်တွင်း ဟော်မုန်းဓါတ် များနှင့် ဟန်ချက်ညီမျှစေရန်

ကျန်းမာရေး အတွက် ဟော်မုန်း တွေရဲ့ သက်ရောက်မှုက အင်မတန် ကြီးမား ပါတယ်။ ဟော်မုန်းတွေရဲ့အစွမ်းကြောင့် စိတ်ခံစားမှု၊ ကိုယ်အလေးချိန်၊ အူမကြီး ကျန်းမာရေး စတာတွေအပေါ် သက်ရောက်မှု ရှိနေသလို ရာသီလာ တာ၊ ကိုယ် ဝန်ဆောင်တာစတဲ့ ကိစ္စတွေကလည်း ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်ကိုယ်တွင်းမှာ ဟော်မုန်းဓာတ်တွေ ဟန်ချက်မညီမျှ တာကြောင့် နုံးချည့်ညောင်း ညာတာ၊ အရေပြားပြဿနာ၊ ကိုယ်အ လေးချိန် တက်တာ၊ ဗိုက်ပူတာ၊ အိပ်မ ပျော်တာ၊ အမြဲလိုလို အိပ်ချင်နေတာ၊ ရာသီအကြို ဝေဒနာ၊ မျိုးအောင်နိုင်စွမ်း မရှိတာ စတဲ့ ကျန်းမာရေး ပြဿနာတွေ လည်း ဖြစ်နိုင်ခြေရှိပါတယ်။
ဟော်မုန်းဆိုသည်မှာ
ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ သတင်း အချက်အလက်ပို့ပေးတဲ့ ဓာတ်တွေပဲ ဖြစ် ပါတယ်။ ဟော်မုန်းတွေက သွေးကြောထဲ ကနေ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်း တွေဆီကို သွားပါတယ်။ သူတို့က ဖြည်း ဖြည်းချင်းအလုပ်လုပ်ကြပြီး ကိုယ်ခန္ဓာ ဖြစ်စဉ် အများစုပေါ်မှာ သက်ရောက်မှု ရှိကြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု၊ ဇီဝ ရုပ်ဖြစ်ပျက်မှု (သင်စားလိုက်တဲ့ အစာ ကနေ စွမ်းအင်ကို ခန္ဓာကိုယ်မှ ရယူတဲ့ ဖြစ်စဉ်)၊ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင် တာ၊ မျိုးဆက်ပွားများမှုနဲ့ စိတ်ခံစားမှု စ တာတွေပေါ်မှာ ဟော်မုန်းတွေရဲ့ သက် ရောက်မှု ရှိပါတယ်။ အင်ဒိုခရိုင်းဂလင်းတွေက ဟော်မုန်း တွေကို ထုတ်ပေးပါတယ်။ အဓိက အင် ဒိုခရိုင်းဂလင်းတွေက ပစ်ကျူထရီ၊ ပိုင်နီ ရယ်၊ သိုင်းမတ်စ်၊ သိုင်းရွိုက်၊ အဒရီနယ ဂလင်းနဲ့ ပန်ကရိယတို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဝှေးစေ့ကနေ ဟော်မုန်းထုတ်ပြီး အမျိုးသမီးတွေမှာ မမျိုးဥကနေ ဟော်မုန်းထုတ်ပါတယ်။ ဒီ ဟော်မုန်းဓာတ်တွေ ဟန်ချက်ညီညီထုတ် နိုင်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်း က အကောင်းဆုံး ဖြစ်နေစေဖို့ အောက် ပါ အခြေခံအချက်တွေကို လိုက်နာသင့် ပါတယ်။
(၁) အိုမီဂါ ၆ ပိုလီမပြည့်ဝဆီများသော အစာကို ရှောင်ပါ လူ့ခန္ဓာကိုယ်မှာ ပြည့်ဝဆီနဲ့ မိုနိုမ ပြည့်ဝဆီ ၉၇ ရာခိုင်နှုန်းနဲ့ပိုလီမပြည့်ဝ ဆီ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သုံးရာခိုင် နှုန်းခွဲလောက်က အိုမီဂါ ၃ အဆီပါ။ ဟင်းသီးဟင်းရွက်အဆီမှာ ပိုလီမပြည့်ဝ ဆီ ပါဝင်မှု အလွန်များပါတယ်။ ခန္ဓာ ကိုယ်က ဆဲလ်နဲ့ ဟော်မုန်းတွေ တည် ဆောက်ဖို့အတွက် အဆီကို လိုအပ်ပါ တယ်။ ဒါပေမဲ့ ပိုလီမပြည့်ဝဆီက မတည် ငြိမ်ဖြစ်မှုများပြီး ခန္ဓာကိုယ်ထဲမှာ မြန် မြန် ပြိုကွဲလွယ်ပါတယ်။ အဲဒီအခါ ဆဲလ်တွေ ကို ရောင်ရမ်းမှုနဲ့ Mutation ဝင်မှု လွယ် လာပါတယ်။ သွေးလွှတ်ကြောဆဲလ်တွေ မှာ ရောင်ရမ်းမှုကြောင့် သွေးလွှတ်ကြော တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီအဆီ တွေက အရေပြားဆဲလ်ထဲကို ရောက်တဲ့ အခါ ပြောင်းလဲမှု ဖြစ်ပြီး အရေပြားကင် ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပိုလီ မပြည့်ဝဆီ မြင့်မားစွာ ပါဝင်တဲ့ အစာ တွေကို တတ်နိုင်သမျှ ရှောင်သင့်တာပါ။ ပိုလီမပြည့်ဝဆီတွေဖြစ်တဲ့ ဟင်းသီးဟင်း ရွက်ဆီ၊ မာဂျရင်းထောပတ်၊ ပဲပိစပ်ဆီ တို့ကို လျှော့စားပြီး သံလွင်ဆီ၊ ထောပတ် အစစ်တို့ကို အစားထိုးစားပါ။ ဒါ့အပြင် အိုမီဂါ ၃ အဆီပါဝင်မှုများတဲ့ ငါးကိုစားပါ။(၂) ကဖင်းဓာတ်ကို ထိန်းချုပ်ပါ ကဖင်းဓာတ်များလွန်းတာက အင် ဒိုခရိုင်းစနစ်ကို အားနည်းစေပါတယ်။ အ ထူးသဖြင့် ကိုယ်ဝန်ဆောင်တာ၊ အဆိပ် နဲ့ ထိတွေ့မှု ရှိတာ၊ အကျိုးပြုအဆီ ချို့တဲ့ တာ၊ စိတ်ဖိစီးမှု များတာ စတဲ့ ဟော်မုန်း ကို ဒဏ်ပိစေတဲ့ တခြားအချက်တွေရှိရင် ပိုဆိုးပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ကော်ဖီကို လျှော့သောက်ပါ။ ဒါမှမဟုတ် ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတွေကို အစားထိုး သောက်ပါ။(၃) အဆိပ်များကို ရှောင်ပါ အဆိပ်တွေက ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး၊ ပလတ်စတစ်၊ အိမ်သုံးဓာတု ပစ္စည်းတွေနဲ့ မွေ့ရာတွေထဲမှာ တွေ့ရလေ့ ရှိပါတယ်။ ဒီအဆိပ်တွေမှာ ကိုယ်တွင်း ဟော်မုန်းတွေကို လျော့ကျစေတဲ့ ဟော် မုန်းတား ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ တကယ်လို့ သင်က ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေရင် ဒါမှမဟုတ် ဟော်မုန်း ဓာတ်မမျှမတ ဖြစ်နေရင် ဒီအဆိပ်တွေ ကို ရှောင်ဖို့ အလွန်အရေးကြီးပါတယ်။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပန်းကန်ခွက် ယောက်တွေထဲမှာ အစာကို ထည့်တာ၊ ပူနေ တဲ့ အစားအသောက်ထည့်တာတို့ ရှောင်ပါ။(၄) အိပ်ရေးဝ၀ အိပ်ပါ သင့်အနေနဲ့ အိပ်ရေးဝ၀ မအိပ်ခဲ့ ရရင် ဟော်မုန်းဓာတ်တွေကလည်း မမျှ မတဖြစ်နေပါလိမ့်မယ်။ အိပ်ရေးဝ၀ အိပ် တာက ဟော်မုန်းဓာတ်တွေကို တိုးတက် ကောင်းမွန်စေတဲ့အပြင် အသက်ရှည်ရှည် နေနိုင်တာ၊ ရောဂါဖြစ်နှုန်း လျော့ကျတာ နဲ့ ကိုယ်အလေးချိန် ပုံမှန် ရှိတာ..စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။(၅) အားဖြည့်ဆေးကို ဥာဏ်ရှိရှိ ရွေးချယ်သောက်သုံးပါ နေခြည်နုနုရရှိချိန်မှာ အပြင်ထွက် ပြီး လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှု ကို လျော့ကျစေတဲ့အပြင် ဗီတာမင်ဒီကို လည်း ရရှိစေပါတယ်။
မဂ္ဂနီဆီယမ် - မဂ္ဂနီဆီယမ်ဟာ ခန္ဓာ ကိုယ်တုံ့ပြန်မှု ရာပေါင်းများစွာကို ပံ့ပိုး ပေးပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါ တယ်။
ဗီတာမင်ဒီ - ဟော်မုန်းတွေရဲ့ လုပ်ငန်း ဆောင်တာကို ထောက်ပံ့ပေးပါတယ်။ နေရောင်ခြည်ကနေ အကောင်းဆုံးရရှိ ပြီး ဗီတာမင် D3 ဖြည့်စွက်ဆေးကနေ လည်း ရနိုင်ပါတယ်။
ငါးကြီးဆီ - အကျိုးပြုအဆီနဲ့ အိုမီဂါ ၃ အဆီများစွာ ပါဝင်တဲ့ ငါးကြီးဆီဟာ ဟော်မုန်းထုတ်လုပ်ရေးအတွက် အရေး ပါပါတယ်။
ဂျယ်လတင် - ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စ်ဖိတ်တို့ များစွာပါတဲ့ ဂျယ်လတင်ဟာ ဟော်မုန်းထုတ်လုပ်ရေး၊ အစာခြေစနစ် ကျန်းမာရေးတို့ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှု၊ အထူးသဖြင့် အဆစ်ရောင်ရမ်းမှုကို သက်သာစေ ပါတယ်။(၆) ပေါ့ပါးသော လေ့ကျင့်ခန်းလုပ်ပါ သင့်မှာ ဟော်မုန်းမမျှတမှု ရှိနေရင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာက ဒီ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ ကြောင့် ဟော်မုန်းဓာတ်တွေ မျှတညီ ညွတ်စေဖို့ အိပ်ရေးဝ၀ အိပ်စက်ပါ။ လမ်းလျှောက်တာ၊ ရေကူးတာလို ပေါ့ပါး တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။(၇) လက်ပ်တင်ဟော်မုန်းကို ချိန်ညှိပါ လက်ပ်တင်ဟော်မုန်း မမျှတရင် ဒါ မှမဟုတ် ဒီဟော်မုန်းကို တွန်းလှန်မှု ရှိ နေရင် တခြားဟော်မုန်းတွေလည်း ကောင်း ကောင်းမျှတဖို့ မလွယ်ပါဘူး။ လက်ပ်တင် ဟော်မုန်းက အရေးပါတဲ့ ဟော်မုန်းဖြစ် လို့ပါ။ လက်ပ်တင်ဟော်မုန်းကို ဟန်ချက် ညီအောင် လုပ်ဆောင်ပေးမှ မျိုးအောင် နိုင်စွမ်း ကောင်းပြီး ကိုယ်အလေးချိန် မြန် မြန်လျော့ကျကာ အိပ်ရေးဝ၀ အိပ်ပျော် စေမှာ ဖြစ်ပါတယ်။ ရောင်ရမ်းမှုလည်း လျော့ကျမှာ ဖြစ်ပါတယ်။
Share 
By Good Health

No comments:

Post a Comment