Wednesday 20 January 2016

ကင်ဆာရောဂါများ အကြောင်း

ဦးနှောက်အကျိတ်ကင်ဆာ 

အန္တရယ်ဖြစ်စေသည့်အရာများ။
လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်းအားသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲ တွင်ပါလေ့ရှိသည့် နိုက်ထရိုဆိုအေမင်းန်စသည့် ဓာတုပစ္စည်းများနှင့်ထိတွေ့မှုရှိခြင်း။

သတိပေးလက္ခဏာများ။
ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာအစိတ် အပိုင်းတစ်ရပ်ရပ်အကြောင်းမဲ့ချည့်နဲ့ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းအပါအ၀င် အမြင်အာရုံပြဿနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

သွေးကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ်ဆေးများ၊ ရေရှည်ဗိုင်းရပ်စ်ပိုးဝင်ရောဂါ များဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီဇီဝဆေး။ 

သတိပေးလက္ခဏာများ။
ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ခဏခဏဖျားခြင်း၊ သွေးခြည် ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းများ၊ အဖျား၊ သွေးအား နည်း၊ ဘေလုံး(သရက်ရွက်)(သို့)အသည်း(သို့)ပြန်ရည်အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ သွေးဥမွှားအရေအတွက်လျော့ကျလာခြင်း။ 

ရိုးတွင်းခြင်ဆီကင်ဆာ 

အန္တရယ်ဖြစ်စေသည့်အရာများ။
၉၀ရာခိုင်နှုန်းကျော်သည့်အသက်၄၀ကျော် အမျိုးသားများတွင်အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ(ဒိုင်အောက် ဆင်၊ ဓာတုပျော်ရည်၊ ကြေးချွတ်သန့်စင်ဓာတုပစ္စည်း)နှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ အိပ်ခ်ျအိုင် ဗီပိုး၊ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ အက်ပ်စတိန်းဘားဗိုင်းရပ်စ်ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်း ရပ်စ်ပိုးများ ၀င်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်းခုခံအားညံ့ခြင်း၊ ပြဒါး(သို့)ပီဗွီစီနှင့်အထိအတွေ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်အဆက်အစပ်မကင်း။

သတိပေးလက္ခဏာများ။
ကျောဘက်အရိုးထဲကနာခြင်းသည် ပထမဆုံးလက္ခဏာ။ ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းအားယုတ်သကဲ့သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။

အရေပြားကင်ဆာ 

အန္တရယ်ဖြစ်စေသည့်အရာများ။
အရေပြားနေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန်ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊ အသားဝါများ၊ မှဲ့များသောရာဇ၀င်ရှိခြင်း၊ ခြေထောက်(သို့)အ၀တ်အစားနှင့်အပွတ်အတိုက်များသောနေရာများ တွင်မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များရှိခြင်း၊ အရေပြားကင်ဆာဖြစ်ဖူးသူ မိသားစုထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခ ရိုဝေ့ဖ်များနှင့်အထိအတွေ့များခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည် သုံးခြင်း၊ (ငါးနှစ်ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ။
အရေးပြားပေါ်တွင် ကြွက်နို့နှင့်တူသောအဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသောအနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ် အစားကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာကျက်ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှဲ့များ၏ အနားဝိုင်း ပုံမှန်မဟုတ်ခြင်း၊ မှဲ့နက်ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

လည်ချောင်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေးလက္ခဏာများ။
ချောင်းဆက်တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင်ကုကုပျောက်ခဲသောလည်ချောင်းရောဂါများဖြစ်ခြင်း။

ပါးစပ်၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ခံတွင်းထဲတွင်သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများမတော်တော့ခြင်း၊ ပျက်စီးခြင်း၊ အရက်များ ခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေးလက္ခဏာများ။
ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

အသည်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သောအဖလာအဆိပ်ကို စားမိခြင်း၊ အရက်အသောက် များခြင်း၊ ပိုင်ရိုလစ်ဇစ်ဒင်းန် အယ်လ်ကလွိုက်များ၊ ပေါ်လီဗီနိုင်းလ်ကလိုရိုဒ်၊ တမော့က်စီဖဲန် စသည်တို့နှင့် အထိ အတွေ့ရှိခြင်း၊ သောက်မိခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းခြောက်ခြင်း၊ သိုရီယမ်ဒိုင်အောက် ဆိုဒ်၊ သန္ဒေတားဆေးလုံး၊ အဲန်နာဘောလစ်စတီးရွိုက်အာဆင်းနစ်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သံဓာတ်များခြင်း။

သတိပေးလက္ခဏာများ။
နောက်ဆုံးအဆင့်တွင်တွေ့ရသောလက္ခဏာများ။ ညာဘက်နံရိုးအောက်ဘက်တွင်နာခြင်း၊ အသည်းကြီးခြင်း၊အသားဝါခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာ ခြင်း၊ လေချုပ်ဝမ်းကယ်ခြင်း၊ သွေးအားနည်းခြင်း။

အဆုတ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
ဆေးလိပ်၊ အက်စ်ဘက်စ်တော့စ်။
မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်၊ နစ်ကယ်လ်၊ ကက်ဒ်မီယမ်(သို့)ရေဒီယိုသတ္တိကြွပစ္စည်းများ၊(ရေဒွန်ငွေ့)နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူးခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပီဗွီစီများနှင့်ထိတွေ့မှုရှိခြင်း၊ တစ်နေ့ကော်ဖီငါးခွက်ထက်ပိုသောက်ခြင်း၊ ကဖင်းန်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း၊ အရက် များခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ် စသည့်ကင်ဆာဆေးများသွင်းရခြင်း၊ မာဂျရင်းန်ထောပတ်၊ အဆီအစားများခြင်း။

သတိပေးလက္ခဏာများ။
ချောင်းဆိုးမပျောက်ခြင်း၊ ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန်လက်ပန်းက

No comments:

Post a Comment