Tuesday 6 March 2018

Metformin ဆီင်္းချိုကျဆေးအကြောင်း

Metformin ကို မှန်ကန်သော စားသောက်နည်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများ၊ အခြားသော ဆေးများ နှင့် ပေါင်းစပ်ပြီး ဆီးချိုထိန်းချုပ်ရန်အတွက် အသုံးပြုသည်။ ၎င်းကို ဆီးချိုအမျိုးအစား အမှတ်(၂) လူနာများတွင် အသုံးပြုသည်။သွေးတွင်း သကြားဓာတ်မြင့်မားခြင်းကို ထိန်းချုပ်ခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးမှုများ၊ မျက်စိကွယ်ခြင်း၊ အာရုံကြောပြဿနာများ၊ ခြေလက်ဆုံးရှုံးမှုများ နှင့် လိင်ဆက်ဆံခြင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးနိုင်သည်။ ဆီးချိုကို စနစ်တကျ ထိန်းချုပ်ထားနိုင်လျှင် ရုတ်တရက် နှလုံးရပ်ခြင်း နှင့် လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ချေ နည်းစေမည်။metformin သည် သဘာဝအတိုင်း ထွက်ရှိသော ကိုယ်တွင်းအင်ဆူလင်ဓာတ်ကို သင့်ခန္တာကိုယ် အနေဖြင့် မှန်ကန်ကောင်းမွန်စွာ တုန့်ပြန်မှုပေးနိုင်စွမ်းကို ပြန်လည်ရရှိစေခြင်းအားဖြင့် ဆီးချိုကို ထိန်းချုပ်ပေးသည်။metformin သည် သင်၏ အသည်းမှ ထုတ်လုပ်သော ဂလူးကို့စ်ပမာဏကို နည်းစေသလို အစာအိမ်/အူတို့မှ စုပ်ယူသော ဂလူးကို့စ်ပမာဏကိုလည်း နည်းစေသည်။


*Metformin ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ*
metformin ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း(အများအားဖြင့် တနေ့လျှင် ၁ကြိမ်မှ ၃ကြိမ်) အစာနှင့်နီးသော အချိန်တွင် သောက်ရမည်။ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိလျှင် ဆေးကို ရေများများနှင့် သောက်ပါ။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။
သွေးတွင်းသကြားဓာတ်ကို ဆရာဝန်ညွှန်ကြားထားသည့် အတိုင်း ပုံမှန်တိုင်းပြီး ရလာဒ်များကို မှတ်ထားကာ ဆရာဝန်အား သေချာစွာ ပြသပါ။သွေးတွင်း သကြားဓာတ် အလွန်များလျှင် သို့မဟုတ် အလွန်နည်းနေလျှင် သင့်ဆေးပမာဏကို ပြောင်းလဲရန်လိုကောင်း လိုမည်ဖြစ်၍ ဆရာဝန်ကို အသိပေးပါ။

*Metformin ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ*
Metformin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Metformin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ 

*သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ*

metformin ကို မသောက်သုံးမီ metformin သို့မဟုတ် အခြားဆေးများ သို့မဟုတ် metformin ဆေးပြား နှင့် အရည်တွင်ပါဝင်သည့် ပစ္စည်းများနှင့် မတည့်ပါက ဆရာဝန်ကို ကြိုပြောပါ။metoprolol ဆေးပြား နှင့် ဆေးရည်တွင်ပါဝင်သည့် ပစ္စည်းများကို သိရှိနိုင်စေရန်ဆရာဝန်ကို မေးမြန်းပါ။
=သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။

*ဘေးထွက် ဆိုးကျိုးများ*
Metformin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
ဤဆေးသည် lactic acidosis ဟုခေါ်သော သွေးတွင်း lactic acid ဓာတ်များပြားခြင်းကို ဖြစ်စေနိုင်ပါသည်။၎င်းသည် တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာပြီး ပို၍ပို၍ဆိုးရွားလာကာ အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပါသည်။ထို့ကြောင့် lactic acidosis ၏ အောက်ဖော်ပြပါ မပြင်းထန်သော လက္ခဏာများ ပြသလျှင်ပင် အရေးပေါ်ကုသမှုကို ခံယူပါ။
=ကြွက်သားနာခြင်း သို့မဟုတ် အားနည်းခြင်း။
=ခြေလက်များ အေးစက်ထုံကျဉ်ခြင်း။
=အသက်ရှုရခက်ခြင်း။
=မူးဝေထိုင်းမှိုင်းပင်ပန်းနွမ်းနယ်ခြင်း၊မေ့လဲတော့မယောင်ဖြစ်ခြင်း။
=ဗိုက်နာ/အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း။
=နှလုံးခုန် နှေးခြင်း၊မမှန်ခြင်း။
အောက်ပါဆိုးရွားသော ဘေးထွက်လက္ခဏာများနှင့် ရင်ဆိုင်ရလျှင်လည်း ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။
=အနည်းငယ် လှုပ်ရှားလျှင်ပင် မောပန်းခြင်း။
=ဖောရောင်ခြင်း၊ကိုယ်အလေးချိန်ရုတ်တရက် တက်ခြင်း။
=ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးလက္ခဏာများ ခံစားရခြင်း၊တကိုယ်လုံးနာကျင် ကိုက်ခဲခြင်း။
သာမန်ဘေးထွက်လက္ခဏာများမှာ
=ခေါင်းကိုက်ခြင်း၊ကြွက်သားနာခြင်း။
=အားနည်းခြင်း။
=အနည်းငယ် ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊လေထခြင်း၊ဗိုက်နာ/အောင့်ခြင်း။

*ဆေးဝါးဓာတ်ပြုမှုများ*
ဘယ်ဆေးဝါးတွေက Metformin နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Metformin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Metformin နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Metformin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အထူးသဖြင့်
=အရက်အလွန်အကျွံသောက်ခြင်း။
=adrenal ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း။
=pituitary ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း။
=အာဟာရ မပြည့်ဝခြင်း။
=ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း။
=သွေးတွင်းသကြားဓာတ်ကို နည်းစေသော အခြား အခြေအနေများ ------> အဆိုပါ လူနာများအနေဖြင့် metformin ကို သောက်သုံးနေစဉ်ကာလတွင် သွေးတွင်းသကြားဓာတ် အလွန်အကျွံကျဆင်းခြင်းနှင့် ရင်ဆိုင်ရနိုင်ပါသည်။
=သွေးအားနည်းရောဂါ။
=ဗီတာမင် B12 ချို့တဲ့ခြင်း -----> အခြေအနေကို ပိုဆိုးစေသဖြင့် သတိနှင့် သုံးပါ။
=နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း။
=ရေဓာတ်ခမ်းခြောက်ခြင်း။
=ရုတ်တရက် နှလုံးရပ်ခြင်း။
=သွေးတွင်း အောက်ဆီဂျင် နည်းခြင်း။
=ကျောက်ကပ် ရောဂါ၊အသည်းရောဂါ။
=သွေးဆိပ်တက်ခြင်း။
=ရှော့ခ်ရခြင်း (သွေးပေါင်အလွန်ကျပြီး သွေးလည်ပတ်မှု မလုံလောက်တော့ခြင်း) -----> lactic acidosis ဟုခေါ်သော ရှားပါးသည့် အခြေအနေဖြစ်ပေါ်နိုင်ပါသည်။ဤ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုရှိပါက ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပါ။
=သွေးထဲတွင် ketone ဓာတ်များခြင်း။
=ပြင်းထန်သော ကျောက်ကပ်ရောဂါ။
=ဆီးချိုရောဂါ အမှတ် ၁ ----> အဆိုပါ လူနာများတွင် အသုံးမပြုသင့်ပါ။
=အဖျားတက်ခြင်း။
=ပိုးဝင်ခြင်း။
=ခွဲစိတ်မှုပြုလုပ်ခြင်း။
=ထိခိုက်ဒါဏ်ရာ ရခြင်း ----> အဆိုပါ အခြေအနေမျိုးတွင် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းနှင့် ပတ်သက်ပြီး ယာယီပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် သင့်ဆရာဝန်အနေနှင့် အင်ဆူလင်သုံးပြီး ကုသကောင်းကုသမည်ဖြစ်ပါသည်။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။ 

Metformin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။


No comments:

Post a Comment