Saturday 12 March 2016

Consumer Awareness

Consumer Awareness မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

မူရင်းထုတ်ပြန်ချက် မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာ အခုပဲဖတ်ရတာပါ။ အဆုံးထိ ဖတ်စေလိုပါတယ်။

၁။ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း (styrene) ဓါတ်ပါတဲ့ 2B ပလပ်စတစ် အုပ်စုဝင်တွေဖြစ်လို့ ဖေါ့ဘူးတွေ တခါသုံးပလပ်စတတွေ လုံးဝအသုံးမပြုကြရန်။

၂။ ကြက်သားမှုန့် တွင်လည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးတွေ ဓာတုပစ္စည်းတွေပါဝင်သဖြင့် အချိုမှုန့် ထက်ပင် ပိုမိုဆိုးရွာစေပါသည်။

၃။ ဆာဖျူရစ်အက်ဆစ်ပြင်းရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံဖြင့် အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာ သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၎။ ခြင်ဆေးခွေတခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း (၅၁) လိပ် ဖွာရှိုက်သည်နှင့်ညီမျှသည်။ ခြင်ဆေးခွေ တခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း (၁၃၇) လိပ်မှထွက်ရှိသော အဆိပ်မှုန့်  ပမာဏနှင့် ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်တွေသည်လည်း ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝမသုံးအပ်ပေ။

၅။ အချိုရည်ဗူးတွေတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂ဝဝ ပိုမိုချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ကဖိန်းဓါတ်တွေပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။ ထို့အတူဂျယ်ရီဗူးတွေတွင်လည်း တရုတ်မှလာသော ဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါတွေကိုဖြစ်ပွားသဖြင့် ကလေးတွေကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။

၆။ မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းတွေသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါတွေကို ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။

၇။ တရုတ်နို့မှုန့်နှင့် ၎င်းနှင့်ပြုလုပ်သောမုန့်တွေသည် ခွေးပေါက်စတွေ ကြောင်ပေါက်စတွေတိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်တင်သွင်းသော နို့မှုန့် တွေနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့်ပဲသရေစာတွေကိုကလေးတွေအား လုံးဝမတိုက်ကျွေးသင့်ပေ။

၈။ ကော်ဖီမစ်တွေတွင် နို့ဆီနှင့်နို့မှုန့် အစားအသုံးပြုသော Creamer မှာ မလေးရှားတွင် စားအုံးဆီကို အဆီထုတ်ပြီး ကျန်သောကြိတ်ဖက်တွေကို တရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထိုကြိတ်ဖက်မှုန့် တွေသည် သွေးတိုးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါတွေကို ဖြစ်ပွားစေသည်။

၉။ အချို့သော အသီးအနှံတွေတွင် လူသေကောင်မပုပ်အောင်ပြုလုပ်သည့် ဖေါ်မလင်နှင့်အသုံးပြုထားသည့်အတွက် ရှောင်ကြဉ်သင့်ပေသည်။

၁ဝ။ လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်ကြီးတွေကို စစ်ဆေးရာတွင် ၁ဝ ဆိုင်ကိုစစ်ဆေးရာတွင် ၁ဝ ဆိုင်စလုံး အင်ဂျင်ဝိုင်အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီတွေဖြင့် စမူဆာ အီကြာကွေးတွေကို ကြော်နေသဖြင့် ၎င်းတို့ ကို စားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာအစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်။

မှတ်ချက်။ အသိပေးတာတော့ကောင်းပါတယ်။ ရေးအသားထားတဲ့ အသုံးအနှုန်းတွေ ခန့်ငြားခြင်းမရှိပါ။ တချို့မှာ ယေဘုကျဆန်နေတယ်။ အသိပညာပေးတာ ခိုင်မာလေကောင်းလေ။ မလိုပဲလည်း ဖြဲမခြောက်သင့်ပါ။

- လူသေကောင်မပုပ်အောင်ပြုလုပ်သည့် (ဖေါ်မလင်) နေရာမှာ (ဖေါ်မယ်လ်ဒီဟိုက်) လို့သုံးသင့်ပြီး အဲတာက အဆတွေမှသာ ကင်ဆာဖြစ်စေနိုင်ပါတယ်။
- အင်ဂျင်ဝိုင်အဟောင်းလိုဆိုတာ နှိုင်းယှဉ်ချက်သာဖြစ်တယ်။ (ထရန့်ဖက်) ခေါ် ပြန်ကျော်ဆီကိုသာ ရေးသင့်ပါတယ်။ (ထရန့်ဖက်) ကနေ (ကိုလက်စထော) ဆိုးတိုးစေတယ်။ နှလုံးသွေးကြောကျဉ်းတဲ့ (စထုပ်ခ်) ရမယ်။ ဆီးချိုအမျိုးအစား ၂ ရမယ်။ အဝလွန်၊ အသည်းရောဂါ၊ ကင်ဆာ၊ (အဇာမိုင်ယား) ဆိုတဲ့ရောဂါတွေကိုလည်း ဖြစ်စေမယ်။
- တရုတ်နို့မှုန့်နှင့် ၎င်းနှင့်ပြုလုပ်သောမုန့်တွေသည် ခွေးပေါက်စတွေ ကြောင်ပေါက်စတွေတိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်ဆိုတာမှာ အကိုးအကားလို့ထည့်မရေးပါ။ နို့မှုန့်အမည်လည်း ရေးမထားပါ။ တချို့က ကောင်းနိုင်ပါတယ်။
- အဲဒီသတိပေးချက်ထဲမှာ မပါတာက ပဲပြား၊ နွားနို့နဲ့ ချက်နို့ဆီချက်ရာမှာ (ဖေါ်မယ်လ်ဒီဟိုက်) ခေါ် ဖော်မလင်ထည့်ခြင်း၊ မုန့်ဟင်းခါးမှာ လက်ချားထည့်ခြင်း၊ (အင်တီအောက်စီဒင့်) တွေနှင့် ပဋိဇီဝဆေးတွေထည့်သွင်းပြီး မပုပ်မသိုး မဆွေးမြည့်စေပဲ တာရှည်အထားခံနိုင်အောင်ပြုလုပ်ခြင်း၊ ငါးပိပြုလုပ်ရာမှာ အရိုးဆွေးမြန်စေဖို့ ဓာတ်မြေသြဇာတွေ ထည့်သွင်းခြင်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့နဲ့ အုန်းသီးခွံအမှုန့်တွေပါတဲ့ ကော်ဖီမစ်တွေ၊ အရောင်ချွတ်ထားတဲ့ အစားအသောက်တွေ၊ ဆိုးဆေးအသုံးပြုအစားအသောက်တွေ၊ ဟော်မုန်းဆေးအသုံးပြုထားတဲ့ မုန်လာဥ၊ ပဲပင်ပေါက်၊ ပိုးသတ်ဆေးပြင်းသုံးထားတဲ့ အသီးအရွက်တွေ၊ ဆေးဖျန်းလို့ မှည့်နေတဲ့အသီးတွေ၊ ဗီဇပြုပြင်ထားတဲ့အသီးတွေ၊ ပဲဆီ၊ နှမ်းဆီအတုတွေ၊ အချဉ်ရေအသုံးပြုထားတဲ့အကင်တွေဟာလည်း အန္တရာယ်ဖြစ်စေပါသည်။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၆

No comments:

Post a Comment