Monday 29 February 2016

ဘတ်တီးရီးယား – ‘အံ့ဖွယ်ရာအဏုဇီဝများ’

ဘတ်တီးရီးယား (Bacteria) တွေကို လူမှာ ကူးစက်ရောဂါဖြစ်စေတဲ့ အဏုဇီဝပိုးမွှားတွေ အနေနဲ့ လူသိများကြပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပညာပေးမှုတွေမှာ ဒီပိုးမွှားသက်ရှိတွေအကြောင်းကို နာမည်တပ်ပြီး မိတ်ဆက် ပေးလေ့ရှိပါတယ်။ ယခုဆောင်းပါးမှာတော့ မိတ်ဆွေတို့နဲ့အတူ Bacteria တွေအကြောင်းကို ပိုပြီး အကျယ်တဝင့် ဆွေးနွေးလေ့လာချင်ပါတယ်။

Bacteria အားလုံးကို အဏုဇီဝလို့ ခေါ်ပေမယ့်၊ အဏုဇီဝတိုင်းက Bacteria တော့ မဟုတ်ပါဘူး။ ဆိုလိုတာက အဏုဇီဝ ဆိုတာ Bacteria ကို မြန်မာမှုပြုထားတဲ့ ဝေါဟာရ မဟုတ်တာပါ။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံး Bacteria ဆိုတဲ့ စကားလုံးကို ပြန်ပြီး နောက်ကြောင်းလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်တင်စကားလုံးဖြစ်တဲ့ Bacteria အတွက် မြန်မာမှုပြုထားတဲ့ ဝေါဟာရမရှိတာကြောင့်၊ Bacteria ကို မြန်မာလို အသံဖလှယ်ပြီး ဘတ်တီးရီးယားလို့ ရေးသားကြပါတယ်။ ဒီလို ဘတ်တီးရီးယားလို့ အလွယ်ခေါ်ကြပေမယ့်၊ လက်တင်ဘာသာစကား မှာတော့ Bacterium က တစ်ခုကိန်းနာမ် ဖြစ်ပြီး၊ Bacteria က အများကိန်းနာမ်ဖြစ်နေပါတယ်။ Bacteria များလို့ ရေးသားလိုက်တော့၊ Bacterium များ များ လို့ အဓိပ္ပာယ်ဖြစ်နေမှာပေါ့။ သို့ပေမယ့် ‘Bacterium’ ထက်၊ ‘Bacteria’ ကို နားယဉ်နေကြတာကြောင့် မြန်မာမှုပြုတဲ့ စာရေးသူများကလည်း ‘Bacteria’ လို့ပဲ ရေးသားလေ့ရှိကြတယ်။ တစ်ခုကိန်းဖြစ်စေ၊ အများကိန်းဖြစ်စေ၊ ‘Bacteria’ ကိုပဲ ယူသုံးဖြစ်ကြပါတယ်။ ဒီတော့ ကျွန်တော့်ဆောင်းပါးမှာလည်း၊ Bacterium ဖြစ်စေ၊ Bacteria (ဘတ်တီရီယမ်များ) ဖြစ်စေ၊ ‘Bacteria’ လို့ပဲ အသုံးပြုသွားမှာပါ။
တဖန် Bacterium ဆိုတဲ့ လက်တင်စကားလုံးကိုယ်တိုင်ကတော့ Bakterion (βακτήριον) ဆိုတဲ့ဂရိစကားလုံးကနေ ယူသုံးထားတာပါ။ တုတ်ချောင်း (Rod) လို့ အနက်အဓိပ္ပာယ် ရပါတယ်။ Bacteria ကို ပထမဆုံး စတွေ့ခဲ့ချိန်မှာတုန်းက တုတ်ချောင်းပုံ Bacteria လေးတွေကို စတွေ့ခဲ့လို့ပါ။ အမှန်တော့၊ Bacteria က တုတ်ချောင်းပုံ သက်သက်မဟုတ်ပဲ၊ စက်လုံးပုံ၊ ကြောင်လိမ်လှေကားပုံ စသည်ဖြင့် အခြားပုံသဏ္ဌာန်တွေ ရှိပါသေးတယ်။

သဘာဝလောကထဲမှာဆိုရင် သက်ရှိမျိုးနွယ်တွေက အစဉ်အမြဲပြောင်းလဲ ဖြစ်ပျက်လျက်ရှိပြီး၊ မျိုးနွယ်အဟောင်းကနေ နောက်ထပ် မျိုးနွယ်အသစ်တွေက အခက်အလက်တွေ သဖွယ် အဆင့်ဆင့် ထပ်ပြီးခွဲထွက်နေကြပါတယ်။ ဇီဝမိသားစုသစ်ပင်ကြီး (Tree of Life) မှာ ဆိုရင် Bacteria တွေက ဘယ်နေရာလောက်မှာ ရှိနေမလဲ။ အဏုဇီဝနဲ့ အဏုဇီဝမဟုတ်တဲ့ သက်ရှိတွေရဲ့ ယေဘုယျအားဖြင့် ကွာခြားမှုက Cell တစ်လုံးတည်နဲ့ ဖွဲ့စည်းသလား၊ Cell များစွာနဲ့ ဖွဲ့စည်းသလား ဆိုတာပါပဲ။ Cell တစ်လုံးတည်းနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေက အရွယ်သေးလွန်းတာကြောင့် မျက်စိနဲ့ ဒီအတိုင်းမမြင်ရတာပါ။ Cell ပေါင်း ထောင်သန်းချီပြီး ပါတဲ့ သက်ရှိတွေကတော့ အရွယ်များစွာ ပိုကြီးကြပါတယ်။ ဒါပေမယ့် Cell တစ်လုံးတည်းရှိခြင်း၊ Cell များစွာစုဖွဲ့ခြင်းတွေက Bacteria နဲ့ တခြားသက်ရှိတွေကို မျိုးခွဲထွက်စေတဲ့ လက္ခဏာရပ်တွေမဟုတ်ပါဘူး။

ဇီဝမိသားစုသစ်ပင်ကြီးပေါ်မှာ သက်ရှိမျိုးနွယ်တွေရဲ့ မျိုးခွဲထွက်ပြောင်းလဲခဲ့တဲ့ သမိုင်းကြောင်း အတိုင်းသာ ရှိပါတယ်။ သက်ရှိတွေကို “ဒါကတော့ အပင်၊ ဒါကတော့ သတ္တဝါ” လို့ ကိုယ့်သဘောနဲ့ အုပ်စုတွေဖွဲ့မယ့်အစား၊ ဇီဝဗေဒပညာရှင်များကတော့ ဇီဝမိသားစုသစ်ပင်ကြီးမှာ၊ ဘယ်မျိုးနွယ်က ဘယ်လိုခွဲထွက်လာပြီး၊ ဘယ်မျိုးနွယ်အသစ်တွေ ဖြစ်လာစေတယ် ဆိုတာကို အခြေပြုကာ အုပ်စုဖွဲ့ သတ်မှတ်ကြပါတယ်။ သတ္တဝါဆိုရင်လည်း လွန်ခဲ့တဲ့နှစ်သန်း၆ဝဝကျော်က ရှေးအကျဆုံး သတ္တဝါတစ်မျိုးကနေ စပြီး ယနေ့ခေတ်သတ္တဝါအားလုံးကို ခြုံငုံကာ သတ္တဝါအုပ်စု (Animalia) လို့ သတ်မှတ်ရပါတယ်။ ထိုနည်းတူစွာ Bacteria ဆိုရင်လည်း Bacteria အားလုံးရဲ့ ဇာစ်မြစ်ကို ပြန်လိုက်ရင် တွေ့ရမယ့်၊ Bacteria ဘိုးအေကြီး တစ်ခုခုကနေ စလို့၊ ယနေ့ခေတ်ရှိနေတဲ့ Bacteria အားလုံးကို စုစည်းပြီး Bacteria ရယ်လို့ သက်ရှိအုပ်စု တစ်ခုသတ်မှတ်ရတယ်။

ဇီဝမိသားစုသစ်ပင်ကြီးကို ပြန်ကြည့်ရင် အရင်းဖက်အကျဆုံး အကိုင်းအခက်ကြီး သုံးခုရှိပါတယ်။ ဒီ့ထက် ပိုအရင်းဖက်ကျတဲ့ အကိုင်းအခက်တွေလည်း ရှိမှာပါ။ ဒါပေမယ့် ဒီအကိုင်းကြီး သုံးခုထက် ပိုစောတဲ့ ကာလတွေမှာတော့၊ သက်ရှိမျိုးနွယ်တွေဟာ အချင်းချင်း စပ်ယှက်မှုများလွန်းတာကြောင့် သပွတ်အူသဖွယ် ရှုပ်ထွေးနေပါလိမ့်မယ်။ ဒီနေရာမှာ ဇီဝဗေဒပညာရှင်တွေအတွက် မျိုးဗီဇတွေရဲ့ ပြောင်းလဲပုံကို ဆက်လက်ခြေရာခံဖို့ အလွန်ခက်ခဲသွားပါပြီ။ အကိုင်းကြီး သုံးခုအကြောင်းကို ပြန်ဆက်ရရင်၊ Bacteria၊ Archaea၊ နဲ့ Eukarya ဆိုပြီး ရှိပါတယ်။

ဒီဇီဝအုပ်စုကြီးတွေကို ကြုံရာကျပန်း၊ သို့မဟုတ် လူ့ဆန္ဒအလိုကျ လက္ခဏာတွေနဲ့ ဖန်တီးသတ်မှတ်ထားခြင်း မဟုတ်ပါဘူး။ ဗီဇပညာရပ်အရ၊ မျိုးဗီဇတွေရဲ့ ဆင့်ကဲပြောင်းလဲပုံတွေကို DNA အဆင့်အထိ လေ့လာပြီးမှ ဘယ်သူနဲ့ ဘယ်သူက ပိုအမျိုးနွယ်မယ်၊ ဘယ်သူက ပိုပြီး ရှေးကျမယ်ဆိုတာမျိုးကို စနစ်တကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Bacteria အုပ်စု အကြောင်း ဆက်မပြောခင် ကျန်တဲ့ သက်ရှိအုပ်စုနှစ်ခုနဲ့ အနည်းအကျဉ်း မိတ်ဆက်ခဲ့ချင်ပါသေးတယ်။ Eukarya ဆိုတာ ကျွန်တော်တို့ လူသားနဲ့ သတ္တဝါတွေ၊ အပင်တွေ ပါဝင်တဲ့ အုပ်စုဖြစ်ပါတယ်။ အမီးဘား (Amoeba) လို အဏုဇီဝတွေလည်း Eukarya အုပ်စုမှာ ပါဝင်ကြပါတယ်။ Eukarya တွေကို စံပြုသတ်မှတ်တဲ့ လက္ခဏာရပ်ကတော့ သူတို့ Cell တွေထဲမှာ DNA နေထိုင်တဲ့ Nucleus ပါရှိခြင်းပါ။ Bacteria နဲ့ Archaea ရဲ့ Cell တွေမှာတော့ Nucleus မရှိပါဘူး။ DNA က Cell အမြှေးပါးပေါ်မှာ တွဲလွဲခိုလျက်သာ ရှိပါတယ်။ Archaea ဟာလည်း Bacteria လိုပဲ အဏုဇီဝတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ မျိုးဗီဇက Eukarya မျိုးဗီဇနဲ့ များစွာ ပိုနီးစပ်ပါတယ်။ Archaea အဏုဇီဝတွေကို ရေပူစမ်းကဲ့သို့ အပူဓာတ်၊ ဆားဓာတ် လွန်ကဲတဲ့ နေရာတွေမှာ တွေ့ရတတ်တာက မှတ်သားဖွယ်ရာ အချက်တစ်ခုဖြစ်တယ်။

Thursday 18 February 2016

အသည်းကျန်းမာရေး

"ကျန်းမာရေးအတွက်
ဆောင်ရန်နဲ့ရှောင်ရန်အချက်များ..."
=========================================

.၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့် အပြင်ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်းထိခိုက်နိုင်သည် ။

.၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ ကင်ဆာအတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

.၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

.၄. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည်အသည်းမကောင်းကြပါ ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှု များခြင်းကြောင့် ဖြစ်သည် ။

.၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီမှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။ အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည်။

.၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။အဆီသည် အသည်း၏ လုပ်ငန်းများကိုပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ ဆေးတွင်ပါဝင်သောအခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

.၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့်အရိုးပါ စားနိုင်သော ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

.၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကိုပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

.၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည်ကျောက်ကပ်အတွက် မကောင်းပါ ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။

.၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ် ကို အားနည်းစေသည် ။

.၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည်။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

.၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

.၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။ စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘ၀၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊ ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကိုဖြစ်ပေါ်ခံစားရသည်။

၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ပစ်ခြင်းပင်ဖြစ်သည် ။ လေအေးခန်းထဲတွင်ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

.၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော် နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

.၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည်၊ ကျန်းမာရေးအတွက်ကောင်းပါသည် ။

.၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

.၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။

.၂၀. ၀သော သူများသည် ပုံမှန်အားဖြင့်စားအစာတရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့်သွေးဖိအားလည်း ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

.၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့် အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

.၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။

.၂၃။တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။

.၂၄။မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း၊ (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။

.၂၅။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့်တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။

၂၆။မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။ အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။

.၂၇။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင် စွန့်ခြင်းအတွက်အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများနေထိုင်မကောင်းကြခြင်းဖြစ်သည် ။

.၂၈။ သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

.၂၉။ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊ (ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။

.၃၀။မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။ အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။

.၃၁။အ၀ါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏ ။ သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

.၃၂။မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
.၃၃။နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင်အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
.၃၄။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

.၃၅။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

.၃၆။မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့်ညဉ့်နက်သန်းခေါင်အလုပ်လုပ်သူများအသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

.၃၇။ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကိုရှောင်ကြဉ်ရပါမည် ။.ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။.

ဒေါက်တာတင့်ဆွေ

Tuesday 16 February 2016

Minerals ဓါတ်ဆားများ

လူတိုင်း ဗီတာမင်နဲ့ ဓါတ်ဆားအမျိုးမျိုးကို အနည်းငယ်စီ အချိုးကျကျ လိုအပ်တယ်။
၁။ Calcium (ကယ်လ်စီယန်)၊
၂။ Iodine (အိုင်အိုဒင်း)၊
၃။ Iron သံဓါတ်၊
၎။ Magnesium (မက်ဂနီဆီယန်)၊
၅။ Phosphorus (ဖေါ့စ်ဖါးရပ်စ်)၊
၆။ Zinc (ဇင့်)ခေါ် သွပ်၊

• Calcium (ကယ်လ်စီယန်) = အမျိုးသမီး နဲ့ ကယ်လ်စီယမ် အလွန်အရေးကြီးတယ်။ အသက် ၃၅-၄ဝ နှစ်ကျော်လာရင် လိုပြီ။ ဗီတာမင်ဒီနဲ့ တွဲသောက်သင့်တယ်။ တနေ့ ၁ လုံးသာ။ အမျိုးသမီးတိုင်း တနေ့မှာ 1000 mg လိုတယ်။ အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 to 1,500 mg လိုတယ်။ နို့တိုက်မိခင်တွေ 1,000 mg to 1,300 mg လိုတယ်။ သတိထားဘို့က စားသောက်တာထဲမှာပါတာကိုလဲ ထည့်တွက်ရမယ်။

(ကယ်လ်စီယန်) နည်းလို့ အရိုးအားနည်းရောဂါဖြစ်နေရင် မတော်တဆကနေ အရိုးကျိုးလွယ်မယ်။ အရိုးထုထည်နဲ့ သိပ်တယ်းမှု နည်းလို့ဖြစ်တယ်။ အရိုး၊ သွားတည်ဆောက်ရန်လိုတယ်။ သွေးခဲခြင်း၊ ကြွက်သား-အာရုံကြောအလုပ် ကူညီတယ်၊ ပင်လယ်ငါးများ၊ ဒိန်ခဲ၊ တို့ဖူး၊ မုန်လာစိမ်းတို့တွင်ပါဝင်တယ်။ များလွန်းပါက ကျောက်တည်နိုင်တယ်။

• Iodine (အိုင်အိုဒင်း) = (သိုင်းရွိုက်) ဟော်မုန်းထုတ်ရန်။ လည်ပင်းကြီးရောဂါကာကွယ်ရန်၊ ဦးနှောက်မကောင်း ကလေးများ ကာကွယ်ရန်၊ ဒီဆားနည်းနေရင် လည်ပင်းကြီးမယ်။ နည်းနေရင် အရပ်ပုမယ်။ ဥာဏ်ရည်လည်းနိမ့်စေတယ်။ အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ တလတလုံး ထွက်ရမဲ့ မျိုးဥမထွက်ဘဲ အိမ်ထောင်ကျရင် ကလေးမရ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင် မအေရော ကလေးအတွက်ပါ ဆိုးတယ်။ သွေးတိုးနိုင်တယ်။ မွေးမဲ့ကလေး ဦးနှောက်ချို့ယွင်းနိုင်တယ်။ (အိုင်အိုဒင်း) ပါတယ့်ဆား၊ ပင်လယ်ငါးတို့တွင်ပါဝင်တယ်။

• Iron သံဓါတ် = သွေးနီဥထဲရှိသော (ဟီမိုဂလိုဘင်) တည်ဆောက်ရန်၊ သွေးမှ အောက်စီဂျင် စုပ်ယူစေနိုင်တယ်။ သွေးအားနည်းရောဂါကာကွယ်နိုင်၊ ခုခံအားစနစ်ကိုကူညီတယ်။ အသား၊ ငါး၊ ပဲတို့တွင်ပါဝင်တယ်။ သံဓါတ်များလွန်းပါက အစာအိမ်မငြိမ်ဖြစ်တတ်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းအရောင်မည်းမယ်။

• Magnesium (မက်ဂနီဆီယန်) = ကြွက်သား- အာရုံကြောအလုပ်ကူညီ၊ နှလုံးခုန်မှန်စေရန်၊ အရိုးမာစေရန်၊ အသား၊ ပင်လယ်စာ၊ နို့၊ ချိစ်၊ဒိန်၊ စိမ်းတယ့်အရွက်များ၊ ပဲ၊ အစေ့အဆံတို့တွင်ပါတယ်။ (မက်ဂနီဆီယန်) များက ဝမ်းပျက်၊ ကြွက်သားအာနည်း၊ သွေးဖိအားကျမည်။

• Phosphorus (ဖေါ့စ်ဖါးရပ်စ်) = ကျန်းမာစေရန်လိုအပ်၊ (အင်နာဂျီ)ဖြစ်စေတယ် နို့၊ ချိစ်၊ ဒိန်တို့တွင်ပါဝင်တယ်။

• Zinc (ဇင့်)ခေါ် သွပ်ဓါတ် = ရောဂါပြီးစနစ်စနစ်ကိုကူညီ၊ တစ်ရှူးအပျက်စီးများပြင်ရန်ကူညီ၊ အရသာ-အနံ့ခံရန် ကူညီ၊ အစာချက်ရာကူညီတယ်။ သွပ်ဓါတ် နည်းနေသူတွေမှာ ကြီးထွားမှုနှေးတယ်၊ အစားပျက်တယ်၊ ရောဂါပြီးစနစ်ကို ထိခိုက်တယ်။ ဆိုးသူတွေမှာ ဆံပင်ကျွတ်တယ်။ ဝမ်းလျောတယ်၊ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နောက်ကျတယ်၊ ပန်းသေတာ ဖြစ်တတ်တယ်။ ပိန်တယ်၊ အနာကျက်တာ နှေးတယ်၊ အရသာ ပျက်တယ်၊ စိတ် ထိုင်းမှိုင်းတာတွေလဲ ဖြစ်တတ်တယ်။

သွပ်ဓါတ်ဟာ ပင်လယ်စာကမာ-မုတ်မှာ အများဆုံးပါတယ်။ အမဲ-ဆိတ်-ဝက်-သိုးသား၊ ဝက်သား၊ ကြက်သား၊ ပဲတွေမှာ အများဆုံးပါတယ်။ ပြုပြင်မထားတဲ့ ဂျုံ-ဆန်-ပြောင်း အစေ့အဆံ၊ နို့နဲ့ နို့ထွက်စာ၊ အသင့်စားနိုင်တဲ့ မနက်စာ၊ အဆီထုတ် ဥ၊ သီဟိုဠ်သရက်စေ့၊ ဗာဒံစေ့၊ တခြားအစေ့အဆံတွေမှာလဲပါတယ်။

• Potassium ပိုတက်ဆီယမ် = ပိုတက်ဆီယမ်နည်းနေရင် အစာခြေလမ်း၊ ကျောက်ကပ်၊ ကြွက်သား။ နှလုံးနဲ့ အာရုံကြောတွေကိုထိခိုက်တယ်။ အားယုတ်နေမယ်။ မေပန်းနေမယ်။ ကြွက်တက်မယ်။ ကြွက်သားတွေနာမယ်။ ထုံကျင်မယ်။ ပျို့အန်မယ်။ ဗိုက်နာမယ်။ လေပွမယ်။ ဝမ်းချုပ်မယ်။ ရင်တုန်မယ်။ ဆီးများမယ်။ ရေငတ်မယ်။ သွေးဖိအားကျရာကနေ မူးမေ့ချင်ဖြစ်မယ်။ စိတ်ဓါတ်ကျမယ်။ စိတ်ရောဂါရမယ်။ ကယောက်ခြောက်ခြားဖြစ်မယ်။ စိတ်ရှုတ်ထွေးမယ်။ သူများ မမြင်မကြားတာတွေ မြင်ကြားနေမယ်။

ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ချဉ်သောအသီးများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး၊ လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်တို့တွင်ပါဝင်တယ်။

ဒေါက်တာတင့်ဆွေ

Magnesium - မက်ဂနီဆီယမ် ဓာတ်ဆား

Magnesium မက်ဂနီဆီယမ်ဓါတ်ဆား

လူဦးရေ ၈ဝ% လောက်မှ မက်ဂနီဆီယမ်ဓါတ်ဆားနည်းနေတယ်။ သုတေသနက အမေရိကန်လူမျိုးတွေမှာလုပ်တာပါ။ မြန်မာပြည်မှာလုပ်ထားတဲ့သုတေသန မတွေ့ပေမယ့် မတိမ်းမယိမ်းရှိမယ်လို့ ယူဆပါတယ်။

မက်ဂနီဆီယမ်ချို့တဲ့နေရင် အားအင်ယုတ်တာခံစားရမယ်။ ကြွက်သားတွေလဲနာမယ်။ ကိုယ်ခန္ဓာထဲမှာ နေရာပေါင်း ၃ဝဝ ကျော်မှာ ပါရတယ်။ ကြွက်သားအလုပ်ကနေ ဟော်မုန်းအထိပါတယ်။ သွေးထဲမှာ မက်ဂနီဆီယမ် ၁% သာနေတယ်။ အများစုက အရိုးနဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ နေကြတယ်။ ယောက်ျားတယောက်ဟာ တနေ့မှာ မက်ဂနီဆီယမ် ၃၁ဝ-၃၂ဝ မီလီဂရမ်လိုတယ်။  အမျိုးသမီးတယောက်ဆိုရင် ၄ဝဝ ကနေ ၄၂ဝ အထိလိုတယ်။

ဒီဓါတ်ဆားနည်းနေရင် အစားအသောက်ပျက်မယ်။ အားယုတ်မယ်။ ဒီလိုမျိုးက အကြောင်းပေါင်းများစွာကနေ ဖြစ်နိုင်လို့ ဆေးစစ်မှသာ နည်းတာကိုသိနိုင်တယ်။ အဆင့်ဆင့်ရှိတယ်။ ထုံကျင်တာ၊ ကြွက်တက်၊ မျက်ခွံလှုပ်တာတာလောက်သာ ခံစားရမှာက အနုစားအဆင့်နဲ့ နှလုံးခုန်မမှန်တာက ဆိုးတဲ့အဆင့်။

ဆိုဒါသောက်တာ၊ ကေဖင်းပါတာတွေသောက်တာကနေ မက်ဂနီဆီယမ်ကိုနည်းစေနိုင်တယ်။ အရက်သောက် များတာကနေလဲ ဗီတာမင် (ဒီ) ကိုနည်းစေလို့ မက်ဂနီဆီယမ်စုပ်ယူနိုင်စွမ်းကိုပါ နည်းစေနိုင်တယ်။ ဖြူဖွေးနေတဲ့ သကြားကြောင့်လဲ ကျောက်ကပ်ကနေ မက်ဂနီဆီယမ်ကိုပိုပြီးစွန်ထုတ်စေတယ်။

မက်ဂနီဆီယမ်ဆေးသောက်တာမှာလဲ လိုတာထက်မပိုစေရပါ။ 350 non-food milligrams ထက်မများစေရပါ။ များသွားရင် Arrhythmia နှလုံးခုန်မမှန်ဖြစ်မယ်။ ဆီးချိုရှိနေရင် ပိုသိသာတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ မက်ဂနီဆီယမ်ပါတယ်။ ဥပမာ ဟင်းနုနွယ်ရွက်ဟင်းတခွက်မှာ ၁၅၇ မီလီဂရမ် ပါတယ်။ ဖယုံစေ့တခွက်မှာ ၁၁၃ မီလီဂရမ်ပါတယ်။

မက်ဂနီဆီယမ်ဓါတ်ဆားနည်းနေရင် (၁ဝ) မျိုးခံစားရနိုင်ပါတယ်။
၁။ Low Energy အင်နာဂျီ ခေါ် ခွန်အားနည်းနေမယ်
၂။ Anxiety and Depression စိုးရိမ်စိတ်ကဲပြီး စိတ်ဓါတ်ကျနေမယ်
၃။ Sleep Problems အိပ်ရေးပျက်မယ်
၎။ Calcification of the Arteries သွေးလွှတ်ကြောတွေမှာ ကယ်လ်စီယမ်ဖြစ်စဉ်ကြောင့်မာနေမယ်
၅။ High Blood Pressure / Hypertension သွေးတိုးမယ်
၆။ Muscle Spasms and Cramps ကြွက်တက်မယ်
၇။ Pregnancy Complaints ကိုယ်ဝန်မှာခံစားရတာတွေရှိမယ်
၈။ Hormone Problems ဟော်မုန်းမညီမျှမှုဖြစ်မယ်
၉။ Bone Health အရိုးကျန်းမာရေးထိခိုက်မယ်
၁ဝ။ Other Mineral Deficiencies တခြားဓါတ်ဆားတွေလည်းနည်းနေမယ် (ဥပမာ ဗီတာမင်ဒီ)

Top 10 Magnesium Rich Foods မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစာအသောက် (၁ဝ) မျိုး
၁။ Spinach ဟင်းနုနွယ် 1 cup: 157 milligrams (40% DV)
၂။ Chard အရွက်စိမ်းဖါးဖါးတမျိုး 1 cup: 154 milligrams (38% DV)
၃။ Pumpkin seeds ဖယုံစေ့ 1/8 cup: 92 milligrams (23% DV)
၎။ Yogurt or Kefir နို့ထွက်အစားအစာ 1 cup: 50 milligrams (13% DV)
၅။ Almonds မက်မွန်သီး 1 ounce: 80 milligrams (20% DV)
၆။ Black Beans ပဲသီး ½ cup: 60 milligrams (15% DV)
၇။ Avocado ထောပတ်သီး 1 medium: 58 milligrams (15% DV)
၈။ Figs သင်္ဘောသဖန်းသီး ½ cup: 50 milligrams (13% DV)
၉။ Dark Chocolate ချောကလက်အမည်း 1 square: 95 milligrams (24% DV)
၁ဝ။ Banana ငှက်ပျောသီး 1 medium: 32 milligrams (8% DV)

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၆